
ငွေကြေးစီမံမှုဆိုင်ရာ သိလိုရာ အဖြာဖြာ (၁) လစဉ် ဝင်ငွေနှင့် ထွက်ငွေမျှတ စေရန်... ဝင်ငွေနှင့် ထွက်ငွေ မညီမျှလာချိန်တွင် မိမိ ၏ငွေ ပိုငွေလျှံစုဆောင်း မိ ဖို့ ထက် အကျွေး တင်ဖို့က ပိုပြီး တော့ သေချာလာပါတယ်။ အကယ်လို့များ မိမိ အနေ ဖြင့် ထွက်ငွေ က ဝင်ငွေ ထက် ပိုများလာတာ ကို အချိန်မှီ မထိန်းနိုင်ပါက ရေရှည် မှာ မိမိ စီးပွားရေး နှင့် မိသားစုအတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေ များလာဖို့က သာ ပိုသေချာလာမှာဘဲဖြစ်ပါတော့တယ်။ လစဉ်ထွက်ငွေ တွေကို ထိန်းချုပ်ဖို့က အတွေး တစ်ခု သာသာ မဟုတ်ဘဲ သေချာစီမံ ခဲ့မယ်ဆို ထွက်ငွေ တွေကို ထိန်းဖို့ အတွက် မလွယ်ကူဘူးဆိုရင်တောင် မဖြစ်နိုင်တာ တစ်ခုတော့ မဟုတ်တော့ ပါဘူး။ ငွေအသုံးစရိတ်ကို သက်မှတ် တော့မယ်ဆိုရင် ပထမဦးဆုံး အနေနဲ့ သတိထားရမယ့် အချက်ကတော့ ကိုယ်သက်မှတ်မယ့် အသုံးစရိတ်ဟာ မိမိ ကိုယ်တိုင် လိုက်နာ သုံးဆွဲနိုင်မည့် ဘောင်ထဲတွင်ရှိနေရပါမယ်… ဆိုလိုချင်တာ ကတော့ မိမိ မှာ တစ်လ လျှင် ၃သိန်းကျပ်ဝင်ငွေရှိနေပါက ၃ သိန်းလုံးကို စုမယ်လို့ သက်မှတ်ချင်းက ရေရှည်မှာလဲ မဖြစ်နိုင်သလို လက်ရှိအချိန်မှာ လဲ အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ပါတယ်. အသုံးစရိတ်သက်မှတ် တဲ့ အခါမှာ မိမိ ရဲ့ ဝင်ငွေ အပေါ် အဓိက ထားပြီးသက်မှတ်ခြင်းသည်သာ ရေရှည်အတွက် အထောက် အကူဖြစ်မှာ ဖြစ်ပါတယ်။ တစ်လစာ ဝင်ငွေပေါ် အခြေခံပြီး နေ့စဉ်အသုံး စရိတ်ကိုသက်မှတ်ရပါမယ်။ မိမိ နေ့စဉ်အသုံးပြုရန်သက်မှတ်ထားသော စရိတ်ထက်ကျော်ပြီး မသုံးမိဖို့ရာ အဓိက ပြုလုပ်ရမည့် အချက်တော့ နေ့စဉ်အသုံးပြုလိုက်သည့် ငွေများကို ခွဲခြားသက်မှတ်ရပါမယ်။ ဥပမာအားဖြင့်ဆိုရသော် - တနေ့တာ အတွက် စားစရိတ် ၊ ကျန်းမာရေး အတွင် သုံးဆွဲသည့်စရိတ်၊ အိမ်စရိတ်၊ ပညာသင်စရိတ် အစရှိသည်ဖြင့် ခွဲခြားသက်မှတ်ထားဖို့ လိုပါတယ်။ သို့မှသာလျှင် မိမိ အနေဖြင့် လကုန်လို့ ပြန်လည်စမ်းစစ် ကြည့်သည့် အခါ မည်သည့် အပိုင်း တွင် ပိုမိုသုံးဆွဲ ခဲ့ ပြီး မည်သည့် အပိုင်း တွင် သုံးဆွဲမှုကို လျော့ချ နိုင်ခဲ့ သည်ဆိုတာ ကို ရှင်းရှင်းလင်းလင်း ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်... ရေးမချဘဲခေါင်းထဲမှာကော မှတ်ထားလို့ကော မရဘူးလားလို့ တွေးကောင်းတွေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကြည့်ပါ ငါ တစ်လလုံးမှာ သုံးခဲ့တဲ့ အသေးအမွားက အစ လကုန်ရင် အကုန် မှတ်မိနိုင်မလား ဆိုတာကို???? သေချာပါတယ် မမှတ်နိုင်ပါဘူး... ဒီအချက်က တကယ်တော့ အကျင့်လုပ်ပေးဖို့ ဘဲလိုတာပါ မခက်ခဲပါဘူး ... အမှန်တကယ်ဆို အရမ်းကို လွယ်ပါတယ် ..
Quiz by Kevin Maung
Feel free to use or edit a copy
includes Teacher and Student dashboards
Measure skillsfrom any curriculum
Measure skills
from any curriculum
Tag the questions with any skills you have. Your dashboard will track each student's mastery of each skill.
With a free account, teachers can
- edit the questions
- save a copy for later
- start a class game
- automatically assign follow-up activities based on students’ scores
- assign as homework
- share a link with colleagues
- print as a bubble sheet